Local News

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၌ မိုးမြေပဲတစ်ဧက ပျမ်းမျှ ၆၁ တင်းခန့်ထွက်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်သည် ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ မိုးမြေပဲစိုက်ဧက ၃၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း၊ မိုးမြေပဲကို မေလတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် လှိုင်လှိုင်တူးဖော်ကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် မြေပဲတစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၅၀၀၀၀ ခန့်ကုန်ကျပြီး တစ်ဧကပျမ်းမျှ ၆၁ တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ် တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်မှုကြောင့် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒေသတွင်း ပေါက်ဈေးမှာ မြေပဲသီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့်တစ်တင်းလျှင် ငွေ ကျပ် ၂၇၀၀၀-၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ကြံခင်းမြို့နယ်အတွင်းမှ ထွက်ရှိသော မြေပဲသီးနှံများကို ဒေသခံကုန်သည်များက ဝယ်ယူ၍ ရန်ကုန်မြို့သို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News