Local News

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဈေးကောင်းရရှိနေသော မြန်မာ့ရိုးရာထန်းလျက်ဈေးကွက်

Last Updated:

ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိအချိန်ထိ လူကြီး/ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်သည်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှလည်းကြိုက်နှစ်သက်ကြသည်။ ပုသိမ်မြို့ရှိဈေးများတွင် ရောင်းချနေသာ ထန်းလျက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၆၀၀၀/၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ထန်းလျက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) ခန့်ဈေးရရှိပြီး ယခုအောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀) သိသိသာသာဈေးနှုန်းမြင့်တက်လာသဖြင့် ထန်းစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကာ မိသားစုပိုမိုဝင်ငွေရရှိကြောင်းသိရှိရပါသည်။

source: https://www.doca.gov.mm

Category: Local News