Local News

မော်လမြိုင်ကျွန်းမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း (၂၄) ပြည်ဝင် ဇီယာဆန်အိတ်ရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ (၂၄) ပြည်ဝင် ဇီယာဆန်အိတ်ရေ (၄၅၀၀၀) အိတ်အထိ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း၌ (၂၄) ပြည်ဝင် ဇီယာဆန်အိတ်ရေ (၆၅၀၀၀) အိတ်အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ မော်လမြိုင်ကျွန်းဒေသမှထွက်သော ဇီယာဆန်များသည်  အရည်အသွေးကောင်းမွန်သောကြောင့် ရန်ကုန်မှ ဈေးကွက်များမှ ဝယ်ယူခြင်းများရှိနေပြီး ဇီယာဆန် (၂၄) ပြည်ဝင် အိတ်ရေ (၁) အိတ်လျှင် ငွေကျပ်(၉၃၀၀၀) အထိ  ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။

Source: https://www.doca.gov.mm

Category: Local News