Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (21-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.890) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.197) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (3.087) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ သရက်သီး (၅၈၃.၅)တန်၊ ငရုတ်သီး (၈၀.၈၆) တန်၊ ကဏန်း (၂၆.၄၂၅)တန်၊ ငါးရှဉ့် (၂၇.၂၀၀) တန်၊ ရေခဲပုစွန် (၁၇.၁၆၀) တန်၊ ပုစွန်ဖွဲ (၉၈.၅)တန်၊ နေလဲစေ့ (၄၈.၉၅)တန်၊ ကြက်သွန်နီ (၈၅.၅) တန်၊ ခဲသတ္တု (၈၈)တန်နှင့် မန်ကျည်းမှည့် (၇၀)တန်တို့ ဖြစ်သည်။

     အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဆိုလာပြား၊ ဆေးသကြား၊ မီးသီး/ မီးလုံး၊ မီးခံအုတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ လယ်ထွန်စက်၊ ဖိနပ်မျိုးစုံ၊ သွပ်လိပ် နှင့် ဆိုလာမီးအားမြှင့်စက်တို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၂၁) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၄.၈၂၂) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄၉.၄၂၄) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၇၄.၂၄၆) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.3၄၆) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

         ၁၅-၅-၂၀၂၃ မှ ၂၁-၅-၂၀၂၃ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ သရက်သီး (၄၀၉၇.၅၀၀) တန်၊ ငရုတ်သီးခြောက် (၁၀၂၁.၁၈၃) တန်၊ ငါးရှဉ့် (၂၅၁.၅၂) တန်၊ ကြက်သွန်နီ (၁၇၂၃) တန်၊ ကြေးနီ (၁၃၈) တန်၊ ကဏန်း (၉၆.၂၅) တန်၊ သီဟိုဠ်စေ့ (၆၃.၄) တန်၊ မြေပဲ (၁၆၈.၃၁၈) တန်၊ ပုစွန်ဖွဲ (၄၉၈.၅) တန်နှင့် ပုစွန်ခြောက် (၃၃.၅၂၇) တန်တို့ဖြစ်သည်။

     ၁၅-၅-၂၀၂၃ မှ ၂၁-၅-၂၀၂၃ ရက်အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ CMP စက်ရုံသုံးကုန်ကြမ်း ပစ္စည်းများ၊ ဆိုလာပြား၊ သွပ်လိပ်တန်ဖိုး၊ ဒီဇယ်ဆီ/ ဓာတ်ဆီ၊ သံပိုက်၊ ကွန်ပေါင်းဓာတ်မြေဩဇာ ၊ ဖိနပ်၊ ကားတာယာ/ကျွတ်နှင့် ဆေးသကြားတို့ဖြစ်သည်။

       ၁၅-၅-၂၀၂၃ မှ ၂၁-၅-၂၀၂၃ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား သရက်သီး (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၁.၃၈၅)နှုန်း၊ ငရုတ်သီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၄၃၆.၃၂၂) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀၈.၄၇၃) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၃၀.၈၈၅) နှုန်း၊ ‌ကြေးနီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၉၈၀.၉၉၇) နှုန်း၊  ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၁၈.၉၂၇) နှုန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၀၅၉.၈၈၉) နှုန်း၊ မြေပဲ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၅၅၀.၂၄၅) နှုန်း၊ ပုစွန်ဖွဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၀)နှုန်းနှင့် ပုစွန်ခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၆၀၀၀) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm
 

Category: Local News