ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့သည် ဒိန်းမတ်အခြေစိုက် MASCOT INTERNATIONAL A/S ၏ အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ကြေးရှိသော အရည်အသွေးမြင့်အဝတ်အထည်ထုတ်လုပ်သည့်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုအသိအမှတ်ပြု လက်မှတ်ချပေးခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းသည် Binh Dinh စက်မှုဇုန်တွင်တည်ရှိမည် ဖြစ်ပြီး အကျယ်အဝန်း ၁၀၀၀၀၀ စတုရန်းမီတာကျယ်ဝန်းမည်ဟု သိရပါသည်။ ၎င်းတွင် အဝတ် အထည်ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ရုံနှင့် ကုန်ကြမ်းပစ္စည်းများအတွက် အရည်အသွေးထိန်းချုပ်သည့်စင်တာတို့ပါဝင်ကြောင်း သိရပါသည်။ အပြည့်အဝလည်ပတ်နိုင် ပါက စက်ရုံသည်နှစ်စဉ်ထုတ်ကုန် ၅ သန်းထုတ်လုပ်နိုင်ပြီး ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁.၃ သန်းရရှိရန်မျှော်မှန်းရကြောင်း သိရပါသည်။ စက်ရုံဆောက်လုပ်မှုကို ၂၀၂၅ ခုနှစ် ဩဂုတ် လတွင်စတင်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အပြည့်အဝလည်ပတ်နိုင်ရန် မျှော်မှန်းရ ကြောင်း သိရပါသည်။ ယခုနှစ်မှစ၍ Binh Dinh ပြည်နယ်သည် စုစုပေါင်းမတည်ငွေ ဗီယက်နမ် ဒေါင် ၁၂.၂ ထရီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ် ၃၁ ခုရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတွင် အသစ်လိုင်စင်ရရှိသည့် ဒိန်းမတ်လုပ်ငန်းမပါဝင်ပါက အမေရိကန်ဒေါ်လာ ၂၃ သန်းတန်ကြေးရှိသော ပြည်တွင်းစီမံကိန်း ၂၇ ခုနှင့် ပြည်ပစီမံကိန်း ၄ ခုပါဝင်ကြောင်း သိရ ပါသည်။
Source: Vietnam Plus
Source: https://www.doca.gov.mm