Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၁၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၃၉၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၈၀၄) ဒေါ်လာသန်း၊ စုစုပေါင်း(၂.၂၀၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၄.၀၆၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇူလိုင်လ (၁၄) ရက်နေ့ထိပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ခဲစက္ကူ၊ ချဉ်ပေါင်ဖာလာနှင့်ပဲမျိုးစုံတို့ တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ လူသုံးကုန်အဝတ် အထည်များ၊သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်မှ (၁၅) ရက်နေ့အထိ အဓိက ပို့ကုန်တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့်ဈေးနှုန်းတစ်တန်လျှင်(၂၅၃၀)ယွမ်/(၃၄၇)ဒေါ်လာ တို့ဖြင့် တန်ချိန် (1၀၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်းနှင့် ပဲမျိုးစုံ တန်ချိန် (၄၄၇) တန်၊ တန်ဖိုး (၀.၂၉၁) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပါသည်။

အဆိုပါကာလအတွင်း သံကြိုးခွေ၊  Hollow Pipe၊  Iron Pipe၊ ကြွေပြား၊  ခဲစက္ကူ၊ လိမ္မော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီ ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၁၃.၅၀) တန်၊ ၇၀၀ U၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၉) တန်၊ ၆၈၅၅ BBL၊ တန်ဖိုး(၀.၇၉၄)  ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၃၆) တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News