Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၆၂.၀၁၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၃၂.၂၉၀) သန်း၊ ကုန်သွယ်မှုပမာဏကန် ဒေါ်လာ (၉၄.၃၀၄) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၅-၇-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၉၅၇.၁၃၉) တန်၊ တန်ဖိုး (၀.၂၄၃)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၀၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၃၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း တန်ဖိုး (၀.၃၇၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၁၅-၇-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၇၅၈.၀၀၀)ဘတ်ဖြစ် ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁၅-၇-၂၀၂၄) ရက်ထိ ဒီဇယ်ဆီ (၀.၁၁၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၀၇) ဒေါ်လာ သန်း၊ ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၇) ဒေါ်လာသန်းနှင့် ပလပ်စတစ်ပစ္စည်းအမျိုးမျိုး (၀.၀၀၄) ဒေါ်လာ သန်းအပါအဝင် (၀.၁၃၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News