International News

အမေရိကန်-ကာဇက်စတန် မဟာဗျူဟာမြောက်စွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုကျင်းပခဲ့

Last Updated:

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် ကာဇက်စတန် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အမေရိကန်-ကာဇက်စတန် မဟာ ဗျူဟာမြောက် စွမ်းအင်ဆိုင်ရာဆွေးနွေးမှုကို ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့၌ ၁၈- ၇-၂၀၂၄ ရက်တွင် ကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးမှုသည် အမေရိကန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား စွမ်းအင်လုံခြုံရေး၊ သန့်စင်သောစွမ်းအင်အသုံးပြုမှုသို့ ကူးပြောင်းရေး၊ မီသိန်းထုတ်လုပ်မှု လျှော့ချရေးနှင့် ကာဇက်စတန်နိုင်ငံ၏ အရေးကြီးသည့် တွင်းထွက်သတ္တုများ (Critical Minerals) ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကိုယ်စား လှယ်အဖွဲ့အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ရင်းမြစ်ဌာန (Bureau of Energy Resources) မှ ဒုတိယ လက်ထောက်ဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာရုံး၏ ဒုတိယလက်ထောက်ဝန်ကြီးတို့က ပူးတွဲဦးဆောင်ခဲ့ကာ အဓိကနယ်ပယ် (၆) ခု ဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ အရေးကြီးသည့် တွင်းထွက်သတ္တုများ တူးဖော်ခြင်းနှင့် သတ္တုသန့်စင်ခြင်း အဆင့်များတွင် ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်းများ အသုံးပြုခြင်း၊ အရပ်ဘက်သုံး အဏုမြူစွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ၊ စွမ်းအင်လုံခြုံရေးနှင့် ကမ္ဘာ့တစ်ဝှမ်း အဏုမြုစွမ်းအင်အသုံးပြုမှု ဘေးကင်းလုံခြုံရေး စသည့်နယ်ပယ်များရှိ ဖြစ်ပေါ်တိုးတက်မှု များကို ဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကာဇက်စတန် အမျိုးသားဘူမိဗေဒသုတေ သနဌာနနှင့် အမျိုးသားသတ္တုကုမ္ပဏီဖြစ်သည့် Tau-Ken တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

 

Source:https://www.state.gov/u-s-kazakhstan-strategic-energy-dialogue/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News