Local News

ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေး နှင့်ဖွဲနုဈေးများ မြင့်တက်၍ ဧည့်မထဆန်(သစ်)နှင့် ဆန်ကွဲဈေးများကျဆင်းသွားမှုအခြေအနေ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၁၂.၇.၂၀၂၄ ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၂၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၅၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၁၈.၇.၂၀၂၄ ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) (ဟောင်း) တစ်အိတ် ၉၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်  ၇၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၄၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၅၀၀ဝ ကျပ်၊ ဖွဲနုတစ်အိတ် ၉၀ဝ ကျပ် ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၂၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)  တစ်အိတ် ၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၂၀၀၀ကျပ် ကျဆင်းခဲ့ပါသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနောသုခ) (သစ်)၊ ဆန်ကွဲ B(1,2)  နှင့် ဆန်ကွဲ B (2,3,4) ဈေးများ ကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်း သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News