Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့မှ (၁၆) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၁၆) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၈၁) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့်ငရုတ်သီး(၅၇.၇၄၅) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၀၀.၄၈၀)တန်၊တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ ကွမ်းသီးခြောက် (၇၂.၀၀)တန်၊ တန်ဖိုး(၀.၁၀၇) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၁၅၀.၀၀)တန်၊ တန်ဖိုး (၀.၄၁၅)ဒေါ်လာသန်း၊ ငှက်ပျောသီး (၂၀.၀၀) တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်း ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၂၅.၆၉၈) တန်၊ တန်ဖိုး (၀.၂၇၇) ဒေါ်လာသန်းနှင့် တံမျက်စည်း (၁၈၀၀၀)U၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (၂၆၃.၅၀၀) တန်၊ (၁၂၀၀၀) M2၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ (၈၃.၄၀၄)တန်၊ တန်ဖိုး (၀.၀၇၂)ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ(၃၀.၀၀)တန်၊ (၁၈၄၀၀၀)2U၊(၁၅၀)U၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၆၄.၀၁၁) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၀၆.၀၆၄) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၄.၀၉၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၂.၁၄၃) ဒေါ်လာနှုန်း၊  ငရုတ်သီး (၅၉၃.၁၄) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၉၉) ဒေါ်လာနှုန်းဖြစ်ပါသည်။ မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ-ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကာဗွန်မှုန့် (၂၃၅၅) ဒေါ်လာနှုန်း၊ ကော်ဇော (၅၇၁) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News