International News

ဗီယက်နမ် ကျွဲကောသီးများအား တောင်ကိုရီးယားသို့ တင်ပို့သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်မှ ကျွဲကောသီးများကို ဈေးကွက်အတွင်း တင်ပို့ရန် သဘောတူညီခဲ့ကြောင်း VNA အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

The Tiền Phong (Vanguard) သတင်းစာက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ အပင်ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyễn Quang Hiếu ၏ ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်နှင့် တောင်ကိုရီးယား တို့သည် ဇူလိုင်လတွင် ညှိနှိုင်းမှုများ အပြီးသတ်နိုင်မည်ဖြစ်ပြီး ဗီယက်နမ်မှ ကျွဲကောသီးများ တောင်ကိုရီးယားသို့ တင်ပို့ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လူဦးရေ သန်း ၅၀ ရှိသော တောင်ကိုရီးယားသည် ဗီယက်နမ်ကျွဲကောအတွက် အလားအလာရှိသော စျေးကွက်တစ်ခုဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျွဲကောသီးစိုက်ပျိုးမှု ဟက်တာ ၁၀၅,၄၀၀ ရှိပြီး ဒေသတစ်ခုစီအတွက် ကျွဲကောသီး မျိုးကွဲအမျိုးမျိုးအား တန်ချိန် ၉၀၅,၀၀၀ နီးပါးရရှိနိုင်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံမှ လတ်ဆတ်သည့် ကျွဲကောသီးများကို နိုင်ငံနှင့် နယ်မြေ ၁၂ ခုသို့ တင်ပို့ ခဲ့ပြီး မကြာသေးမီက ဗီယက်နမ်ကျွဲကောသည် အမေရိကန်နှင့် နယူးဇီလန် ဈေးကွက်များသို့ တရားဝင် “တင်ပို့ခွင့်ဗီဇာ” ရရှိခဲ့သည်။

အဆိုပါသစ်သီးတင်ပို့ခြင်းက ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၅ သန်း ဝင်ငွေရရှိခဲ့ပြီး လာမည့်နှစ်တွင် ဗီယက်နမ်ကျွဲကောကို သြစတြေးလျ ဈေးကွက်သို့ တရားဝင်တင်ပို့နိုင်မည်ဟု အပင်ကာကွယ်ရေးဌာနက မျှော်လင့်ထားကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News