Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့အတွင်း ပို့ကုန် ငါးမုန့်(၁)တန်လျှင် (၉၀၁)ဒေါ်လာနှုန်းဖြင့် (၃၄၅) တန်၊ တန်ဖိုး (၀.၃၁၁) ဒေါ်လာသန်း ရေလမ်းကြောင်းနှင့် ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၃) ဒေါ်လာနှုန်းဖြင့် (၇.၂) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းကားလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ် ရေးစခန်းအထိ ကုန် (၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၅)ရက်နေ့အတွင်း သွင်းကုန် ပုဇွန်အစာ(၁၈၀)တန်၊ တန်ဖိုး(၀.၀၅၁) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၃၁၀၀)ကျပ်နှင့် ဒီဇယ်ဆီ(၁) လီတာ (၃၂၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ(၁)ဘတ်လျှင်(၁၃၁)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News