Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်) ၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၀၀၀) သန်းဖြစ်ပြီး (၁၅-၇-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၈.၈၀၁)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ်  (၉၄.၀၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၅၀၃.၀၀၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၁၅)သန်းနှင့် သွင်းကုန်(၂၂၅၉.၀၀၅)တန်၊(၁၆၅၉၀၀)2U၊ (၃၃၀)U၊(၂.၆၀၇)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၄၅၇.၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၅၂၀)သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၂၃၃၃.၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၆၁) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၁၁.၅၁၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၆၇) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၂.၁၅) သန်းတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဖက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၇၆၈၃၈.၃၀၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇.၈၈၇)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်            အရေအတွက်                  ဈေးနှုန်း

          (၁)     ငါးမုတ်မဲ (100 - 200 gm)     ၁ ကီလိုဂရမ်   ၁.၇၆၈ ဒေါ်လာ

          (၂)      ကဗျက် (100 - 200 gm)       ၁ ကီလိုဂရမ်   ၀.၉၀၆ ဒေါ်လာ

          (၃)     ငါးဇင်းပြား/ ငါးဆီလုံး ၁ ကီလိုဂရမ်   ၀.၈၇ ဒေါ်လာ

          (၄)     ငါးထောပတ်/ ငါးဆီလုံး        ၁ ကီလိုဂရမ်   ၁.၆၇ ဒေါ်လာ

          (၅)     ပင်လယ်ငါးရံ့ (1 -2 kg)        ၁ ကီလိုဂရမ်   ၁.၆၀ ဒေါ်လာ

          (၆)     ပြည်ကြီးခွေးလျှာ  ၁ ကီလိုဂရမ်   ၁.၅၆ ဒေါ်လာ

          (၇)     ငါးချဉ်ပေါင်    ၁ ကီလိုဂရမ်   ၁.၂၈ ဒေါ်လာ

           (၈)    ကက္ကူရံ (1 kg down) ၁ ကီလိုဂရမ်   ၁.၉၄ ဒေါ်လာ

          (၉)     ငါးရွှေကြင်     ၁ ကီလိုဂရမ်            ၁.၅၃ ဒေါ်လာ

          (၁၀) ကုလားငူ (1 kg down)       ၁ ကီလိုဂရမ်      ၁.၁၃ ဒေါ်လာ

သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၄၄၂) တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၁၉) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၇၅၄.၁၃) တန်၊ (၃၃၀) U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၇၇) သန်းနှင့်လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၆၂.၈၇၅) တန်၊ (၁၆၅၉၀၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၆၁)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၀.၄၅၇) သန်းတင်သွင်းခဲ့ပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။(၁၅-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၇၆၉) ဘတ်၊(၁)ဘတ်လျှင် မြန်မာငွေ(၁၃၀)ကျပ်ခန့် (၁၄-၇-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်ကျဆင်းလျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၅၅၂၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၅၉၇၅) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News