Local News

တစ်ပတ်အတွင်းမတ်ပဲဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်မှစတင်ကာ တဖြည်းဖြည်း ဆက်လက်မြင့်တက်လာကြောင်းတွေ့ရသည်။ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ ဇူလိုင်လ ၁၀ ရက်နေ့တွင် မတ်ပဲ ၁ တင်းဈေးနှုန်း ကျပ် ၁၀၇၂၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၁၀၉၅၀၀၊ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ကျပ် ၁၁၁၀၀၀၊ ညနေပိုင်းတွင် ကျပ် ၁၁၅၀၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၁၁၄၀၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၁၁၄၃၀၀ အသီးသီးဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်း မိုးရွာသွန်းမှု မမှန်ကန်ခြင်း၊ စိုက်ပျိုးဧရိယာလျော့ကျခြင်း၊ ဘရာဇီးမတ်ပဲ တင်သွင်းမှုလျော့ကျခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံအတွင်းမတ်ပဲလိုအပ်ချက်များပြားလျက်ရှိပြီး မြန်မာ မတ်ပဲများ အိန္ဒိယဆိပ်ကမ်းသို့မရောက်မီ မတ်ပဲလိုအပ်ချက်ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲ ဈေးမြင့်တက်လာသည်။ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းသည်လည်း မတ်ပဲ ဈေးတက်လာခြင်းအကြောင်းရင်း တစ်ရပ်ဖြစ်သည်။

သို့သော်လည်း ဈေးတက်လာချိန်တွင် အဝယ်ခေတ္တရပ်ဆိုင်းခြင်းအပြင် အိန္ဒိယအစိုးရ၏ ဈေးနှုန်းထိန်းညှိမှုမူဝါဒအရ သိုလှောင်ခွင့် သတ်မှတ်ထားခြင်းတို့ကြောင့် ဈေးနှုန်းအလွန်အမင်း ဆက်မတက်ပဲ ​ဈေးပြန်အေးသွားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာမတ်ပဲတင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုထားခြင်း၊ မိုးရွာသွန်းမှုအခြေအနေတိုးတက်မလာပါက အိန္ဒိယ၏မတ်ပဲလိုအပ်ချက်များပြားပြီး ဈေးနှုန်းထပ်မံ မြင့်တက်လာနိုင်ခြင်း၊ မြန်မာပြည်တွင်း မတ်ပဲလက်ကျန် နည်းပါးလာခြင်းတို့ကြောင့် ယခု လက်ရှိဈေးထက် ထပ်မံကျဆင်းနိုင်ချေမရှိကြောင်း သုံးသပ်ရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News