Local News

ဧည့်မထဆန်(မနောသုခ)ဟောင်း နှင့် ဆန်ကွဲB(2,3,4)တို့ဈေးတတ်ပြီး ဧည့်မထဆန်(မနောသုခ)သစ် ဈေးကျကာ ပေါ်ဆန်းမွှေး(ဟောင်း)၊ ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲB(1,2)နှင့်ဖွဲနုတို့မှာဈေးငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဒုတိယအပတ်အတွင်း ဧည့်မထဆန်(ဟောင်း) တစ်အိတ်   ၈၀၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်) တစ်အိတ် ၇၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၅၀၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၆၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ တတိယအပတ်အတွင်း ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၈၁၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)တစ်အိတ် ၇၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်း မွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်  ၅၂၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

ယခုတစ်ပတ်ကာလတူ နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၁၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၂၀၀၀ ကျပ် တို့ဈေးတတ်ပြီး၊ ဧည့်မထဆန်(သစ်) တစ်အိတ် ၃၀၀၀ ကျပ် ဈေးကျကာ ပေါ်ဆန်းမွှေး(ဟောင်း)၊ ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲB(1,2)နှင့် ဖွဲနုဈေးနှုန်းတို့မှာ ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)ဟောင်းနှင့် ဆန်ကွဲB(2,3,4)တို့ ဈေးတတ်ရ ခြင်းမှာ ဝယ်လိုအားများခြင်းကြောင့်ဖြစ်ပြီး ဧည့်မထဆန်(မနောသုခ) သစ်ဈေးကျရခြင်းမှာ ဝယ်လို အား နည်းခြင်းကြောင့်ဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News