မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးတွင် လက်ရှိဖြစ်ပေါ်နေသော ပဲမျိုးစုံ လက်လီဈေးနှုန်း များမှာ မြေပဲဆံ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ မြေတောက်ပဲ တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ပဲနီလေး တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ မတ်ပဲ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ပဲပုပ်စေ့ တစ်ပြည် ၁၃၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပြည် ၁၁၀၀၀ ကျပ်၊ စားတော်ပဲ တစ်ပြည် ၁၀၀၀၀ ကျပ်၊ ပုဂံပဲ တစ်ပြည် ၁၀၀၀၀ ကျပ်၊ ပဲစာဥ တစ်ပြည် ၁၀၀၀၀ ကျပ်၊ တောင်ယာပဲ တစ်ပြည် ၁၂၀၀၀ ကျပ်၊ ပဲနီကြား တစ်ပြည် ၉၀၀၀ ကျပ်၊ ပဲစဉ်းငုံ တစ်ပိဿာ ၁၂၀၀၀ ကျပ်ဈေးနှုန်းဖြစ်ပြီး၊ နှမ်းဖြူ တစ်ပြည် ၁၈၀၀၀ ကျပ်၊ နှမ်းနက် တစ်ပြည် ၂၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး