ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့သည် မြန်မာနိုင်ငံ၏ အုန်းသီး အများဆုံးထွက်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ အုန်းပင်စိုက်ပျိုးခြင်းကို ယခင်က မိသားစုစိုက်ပျိုးရေးအဖြစ် စိုက်ပျိုးနေရာမှ ယခုဆိုလျှင် အုန်းပင်စိုက်ပျိုးခြင်းသည် မိသားစုဝင်များ၏ အဓိကဝင်ငွေဖြစ်လာ နေပြီဖြစ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အရ အုန်းသီးအနုများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေပြီး ဈေးကွက်လိုအပ်ချက်တက်လာမှုနှင့်အမျှ တင်ပို့မှုများစွာ ဖြစ်ပေါ်နေတယ်လို့ အုန်းပင်စိုက်ပျိုးသော လုပ်ငန်းရှင်များထံမှ သိရှိရပါတယ်။ ညောင်တုန်းဒေသထွက် အုန်းသီးနုများကို ရန်ကုန်သို့တင်ပို့ရာ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တင်ပို့အရေအတွက် အလုံး ၅၀၀၀၀၀၊ ဖေဖော်ဝါရီလတွင် အလုံး ၆၅၀၀၀၀နှင့် မတ်လတွင် အလုံး ၇၀၀၀၀၀ အထိ တင်ပို့နေရပါတယ်။ ဈေးကွက်တွင် အုန်းသီးအနု ၁၀၀ လုံးအတွက် ပျမ်းမျှငွေကျပ် ၈၈၀၀၀ ထိ ရရှိနေပါတယ်။ အုန်းသီးနု ဈေးကွက်တက်ကြွလာမှုကြောင့် ညောင်တုန်းမြို့ရှိ အုန်းပင်စိုက်ပျိုးသော တောင်သူများအတွက်သာမက သယ်ယူပို့ဆောင်ရေးလုပ်သားများ၊ ကုန်တင်ယာဉ်လေးများ၊ ပွဲရုံပိုင်ရှင်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရရှိစေခဲ့ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Source: https://www.doca.gov.mm