International News

နယူးဇီလန်၏ အကြီစားသတ္တုတူးဖော်ရေး စီမံကိန်းသည် ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်မည်

Last Updated:

နယူးဇီလန်နိုင်ငံ၏ နောက်ထပ် အဓိကသတ္တုတူးဖော်ရေး လုပ်ငန်းသည် ၂၀၂၆ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်မှုကို စတင်ရန်ရည်မှန်းထားပြီး ၂၀၃၅ ခုနှစ်တွင် အစိုးရ၏ ဓာတ်သတ္တု တင်ပို့မှုမှ ဝင်ငွေနှစ်ဆတိုးလာစေရန် ရည်မှန်းထားသည်။ အဆိုပါလုပ်ငန်းသည် အလုပ်အကိုင်ပေါင်း ၂၅၀ ဖန်တီးပေးမည်ဖြစ်ပြီး ရည်မှန်းချက်ပြည့်မှီရန်အတွက် နယူးဇီလန်ဒေါ်လာ သန်း ၃၅၀ အားထောက်ပံ့ သွားမည်ဖြစ်ကြောင်း အရင်းအမြစ်ဝန်ကြီး Shane Jones က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တောင်ပိုင်းကျွန်း Reefton ရှိ Snowy River မြေအောက်ရွှေတွင်းသည် မီတာ ၂၅၀၀၀ နီပါး တူးဖော်ပြီးနောက် ‌ရွှေထုတ်လုပ်မှုကိုစတင်ရန်ရည်ရွယ်ထားကြောင်း Jones ကပြောကြားခဲ့သည်။ ယခုစီမံ ကိန်းသည် ၄င်း၏ ပြုပြင်ရေးစက်ရုံကို ၂၀၂၅ ခုနှစ် နှစ်လယ်တွင်စတင် တည်ဆောက်မည်ဖြစ်ပြီး လာမည့်နှစ်တွင် လုပ်သား ၁၆၀ ကျော်ကို အလုပ်ခန့်ထားကာ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အာရုံစိုက်နေပြီဖြစ်သည်။ ဖေဖော်ဝါရီတစ်လတည်းတွင် အဆိုပါစီမံကိန်းသည် နယူဇီလန်၏ ဒေသတွင်းစီပွားရေးသို့ နယူးဇီလန်ဒေါ်လာ ၂.၉ သန်း ရရှိစေခဲ့ပြီး West Coast မှ တိုက်ရိုက် အကျိုးအမြတ် နယူးဇီလန်ဒေါ်လာ ၁ သန်းရှိကြောင်း Jones က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

Source: https://www.doca.gov.mm

Category: International News