Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၈-၄-၂၀၂၃ မှ ၂၁-၄-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၂၀၆၇၀၀၀၊ မတ်ပဲ SQ/RC (2022 Crop)ကျပ် ၂၃၀၇၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop)ကျပ် ၂၃၉၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop)ကျပ် ၃၀၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC  (2022 Crop)ကျပ် ၁၂၀၀၀ နှင့် Red/RC (2022 Crop) ကျပ် ၂၅၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၈၅ လုံး (တန်ချိန် ၂၀၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ)ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၀၀၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၁၅၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၂၀၀၊ဆင်ဖြူကျွန်း (ပု)ကျပ် ၁၅၀၀၀ နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၉၃၀၀ (၁၈၆၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၂၄၀၀ (၃၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၇၀၀၀ (၁၄၀၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀၀ (၁၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည်အိတ်ပေါင်း ၂၃၀၀ (၄၆၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ် ပေါင်း ၁၄၀၀ (၂၁၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်)ကျပ် ၁၈၀၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်များ ဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိ ဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၂၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၃၀၀၀၊ ပခုက္ကူကြမ်းကျပ် ၂၆၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၄၀၀၊ ကြံသကာ(စစ်)ကျပ် ၂၈၀၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၃၁၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အမျိုးအစားအားလုံး ဈေးငြိမ်လျက်ရှိသည်။

 

                                                                                                                                                                                                   SSMaw (Domestic (Ygn) MITC

Category: Local News