Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ငါးမြွေထိုးခြောက် ပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လတွင် ငါးမြွေထိုးခြောက် ပိဿာချန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ငါးမြွေထိုးအစိမ်းများကိုဝယ်ယူပြီး စနစ်တကျအခြောက်လှန်း တင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ငါးမြွေထိုးခြောက်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးမြွေထိုးခြောက် ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ်လပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးမြွေထိုးခြောက်တွေ တင်ပို့ရောင်းချအားကောင်းခဲ့တာပါ။ တစ်လအတွင်း ငါးမြွေထိုးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ငါးခြောက်တွေကို မှာယူအားတက်နေလို့ပါ။ အခုလိုငါးခြောက်တွေ မှာကုန်များလာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာပါတယ်” ဟု မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးက ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးမြွေထိုးခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ ငါးမြွေထိုးခြောက်များ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် ငါးခြောက်လုပ်ငန်းရှင်များ၊ ‌ရေလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News