Local News

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လအတွင်း ဖူးစားပြောင်း အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လအတွင်း ဖူးစားပြောင်း အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နှင်းနှင်းအေးက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေသထွက်ဖူးစားပြောင်း အဖူးရေ ၈၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်‌နေ့ထိ တစ်လအတွင်း ဖူးစားပြောင်းအဖူးရေ ၂၀၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ တစ်လအတွင်းက ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ဖူးစားပြောင်းအဖူးရေအများအပြား တင်ပို့ရောင်းချခဲ့ရပါတယ်။ ဟင်္သာတမြို့နယ်ကနေ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားကောင်းနေလို့ တင်ပို့ရောင်းအားတက်ခဲ့တာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေများများတင်ပို့ရောင်းချနေရတော့ ကုန်သည်တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက လတ်ဆတ်ပြီး အရည်အသွေးတော်တော်ကောင်းပါတယ်” ဟု ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နှင်းနှင်းအေးက ပြောပြသည်။ ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ဒေသထွက်ဖူးစားပြောင်းများအား ဝယ်ယူပြီး ကုန်တင်ယာဉ်များဖြင့် ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဖူးစားပြောင်းအဖူးရေ ၁၀၀ လျှင် ငွေကျပ် ၃၁၀၀၀ မှ ၃၄၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News