International News

ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်စျေးကွက်အတွင်းသို့ပိုမိုတင်သွင်းခွင့်ပြု

Last Updated:

ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်စျေးကွက်အတွင်းသို့ ပိုမိုတင်သွင်းဝင်ရောက်နိုင်ရန်ခွင့်ပြုထားကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ပါသည်။ နယ်သာလန်မှ ဝက်သား၊ ဆားဘီးယားမှ ဆီးသီး၊ ဘလူးဘယ်ရီသီးများနှင့် ဟန်ဂေရီမှ လတ်ဆတ်သောချယ်ရီသီးများကို နိုင်ငံ၏ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့်အခြေအနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးနှင့်အစားအသောက်ထုတ်ကုန်များသည် တရုတ်-ဥရောပ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောနယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် အပြန်အလှန်ကုန်သွယ်မှုတွင် ဒုတိယအကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ၏ မကြာသေးမီက အစီရင်ခံစာအရသိရသည်။

Source: https://www.doca.gov.mm

Category: International News