International News

အမေရိကန်ဝယ်လက်များအကြား ဗီယက်နမ် ပုစွန်ဝယ်လိုအား မြင့်မားလာ

Last Updated:

ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကျဆင်းမှု၊ ကုန်စည်ပို့ဆောင်မှုမြင့်တက်မှုနှင့် နှစ်ကုန် အားလပ်ရက်နီးကပ်လာမှုတို့ကြောင့် အမေရိကန်ကုမ္ပဏီများသည် ဗီယက်နမ် ပုစွန်ဈေးကွက်မှ ဝယ်ယူရန် စိတ်အား ထက်သန်လျက်ရှိကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ထံမှသိရသည်။

အမေရိကန်မှ တင်သွင်းသူများသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း အထူးသဖြင့် ခြေထောက်ဖြူပုစွန်များအတွက် အမှာစာများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ သြဂုတ်လတစ်လတည်းတွင်ပင် ဗီယက်နမ်မှ ခြေထောက်ဖြူပုစွန် ၃၃,၀၀၀ မတ်ထရစ်တန် ဝယ်ယူခဲ့ပြီး ယခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း VASEP က ဖော်ပြခဲ့သည်။

ဟော်လိုဝင်း၊ ကျေးဇူးတော်နေ့၊ ခရစ်စမတ်နေ့နှင့် နှစ်သစ်ကူးတို့ပါဝင်သော အားလပ်ရက်ရာသီများအတွင်း ဝယ်လိုအားများလာစေရန်အတွက် အမေရိကန်ကုမ္ပဏီများမှ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း သွင်းကုန်များတိုးမြင့်လာရန်မျှော်လင့်ထားကြောင်း VASEP မှ ဈေးကျွမ်းကျင်သူ Kim Thu က ပြောကြားခဲ့သည်။

ကုန်စည်ပို့ဆောင်မှုမြင့်တက်လာခြင်းနှင့်အတူ ယခုနှစ်ကမ္ဘာ့ပုစွန်အထွက်နှုန်းမှာ ၅% ကျဆင်းမည်ဟု ခန့်မှန်းထားကြသောကြောင့် အမေရိကန်မှ    ပုစွန်တင်သွင်းသူများသည် ဗီယက်နမ်မှ ပုစွန်တင်သွင်းမှုအမှာစာများအား တိုးမြင့်ခဲ့ခြင်းဖြစ်ကြောင်း Kim Thu က ထပ်မံပြောကြားခဲ့သည်။

ပဋိဇီဝအကြွင်းအကျန်ပြဿနာများကြားတွင် အီကွေဒေါနှင့် အိန္ဒိယပုစွန်တင်ပို့မှုမှာ ကျဆင်းသွားခဲ့ပြီး ဗီယက်နမ်ခြေထောက်ဖြူပုစွန်များသည် အမေရိကန်တို့အတွက် ထိပ်တန်းရွေးချယ်မှုအဖြစ် တွန်းအားဖြစ်စေခဲ့ကြောင်းသိရသည်။

VASEP ၏အဆိုအရ ခြေထောက်ဖြူပုစွန်များ၏ ဈေးနှုန်းများသည် ဖေဖော်ဝါရီလတွင် ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၉.၆ ဒေါ်လာမှ ၁၀.၂ ဒေါ်လာအထိ မကြာသေးမီက ဈေးတက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈% ခုန်တက်လာခဲ့သည်။ ခြေထောက်ဖြူပုစွန်တစ်မျိုးတည်းတင်ပို့မှုမှာ ဒေါ်လာ ၁.၇၅ ဘီလီယံထိရှိကြောင်း သိရသည်။

source: https://www.doca.gov.mm/

Category: International News