Local News

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့၌ ဆောင်းသီးနှံပဲတီစိမ်းများ ဈေးကောင်းရနေ

Last Updated:

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ အမှတ်-၆ ရပ်ကွက်ရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံများကိုလည်း စုစုပေါင်း ဧက ၃၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ပဲတီစိမ်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘုံခုနှစ်ဆင့် ပဲတီစိမ်း(အကြီးမျိုး) များကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ခြောက်ပြည်ခန့်ကုန်ကျကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက် ပျိုးကြပြီး မျိုး၊ သွင်းအားစုစရိတ်၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၁ တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းအထွက်နှုန်း ပိုမိုထွက်ရှိသည့်အပြင် ဈေးနှုန်းကောင်းမွန်သည့်အတွက် ပဲတီစိမ်းစိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News