Local News

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်

Last Updated:

ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ လည်း စိုက်ပျိုးကြကြောင်းသိရသည်။ ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လစတုတ္တပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၄၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News