Local News

ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ

Last Updated:

မန္တလေးစျေးကွက်အတွင်းတွင် တရုတ်နိုင်ငံဝယ်ယူမှုကြောင့် ပြောင်းစျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး မတ်ပဲ၊ ပဲစင်းငုံမှ ပြည်ပဝယ်ယူမှုရှိသော်လည်း စျေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိကြောင်း မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။ ပြောင်းစျေးနှုန်းမှာ မတ်လပထမသီးတင်းပတ်တွင် ပြောင်းဖူး(ဗမာ) ၈၁ဝဝဝကျပ်မှ မတ်လတတိယသီးတင်း ပတ်တွင် ၈၂၀၀၀-၈၃၀၀၀ ကျပ်၊ ပြောင်းဖူး(ရှမ်း) ၈၄၀၀၀ ကျပ်မှ ၈၅၀၀၀-၈၅၅၀၀ ကျပ် သို့လည်းကောင်း အနည်းငယ်မြင့်တက်လာခဲ့ပြီး မတ်ပဲစျေးနှုန်းမှာ မတ်လတတိယသီတင်းပတ်တွင် ၂၈၀၀၀၀-၂၈၃၀၀၀ ကျပ်၊ ပဲ စင်းငုံ ၂၇၇၀၀၀-၂၈၀၀၀၀ ကျပ်ရှိနေပြီး ယခင်သီးတင်းပတ်စျေးနှုန်းနှင့် သိသိသာသာကွာခြားမှုမရှိကြောင်း သိ ရသည်။

မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ပေမယ့် ကုန်သည်တွေက သင်္ကြန်အရှိန်ကြောင့်ထင်တယ်၊ သိသိသာသာတင်ပို့တာမျိုးမလုပ်ကြဖူး၊ ဟိုဘက်ကလည်း ပုံမှန်လေးပဲဝယ်ယူနေတဲ့အတွက် စျေးတန်းကမပြောင်းလဲတာပါ၊ ပြောင်းကတော့ ခုရက်ပိုင်း တရုတ်ကအဝယ်လိုက်တဲ့အတွက် စျေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်၊ အလားတူ နှမ်းလည်းစျေးကောင်း နေတယ်၊ဟု အဆိုပါအသင်းကတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြောင်းစျေးနှုန်းမျာ ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့်အပြင် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ ဝယ် ယူမှုရှိခြင်းကြောင်း မန္တလေးစျေးကွက်အတွင်း စျေးနှုန်းအနည်းငယ်ပြောင်းလဲလာခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံ စျေးနှုန်းပြောင်းလဲမှုမရှိသော်လည်း နှမ်းစျေးနှုန်းများမှာ တရုတ်ဝယ်ယူမှုကောင်းမွန်ခြင်း ကြောင့် စျေးနှုန်းမြင့်တက်လာခဲ့ပြီး ဒုတိယသီးတင်ပတ်တွင် တစ်တန် ၇၄၀၀၀၀ ကျော်မှ တတိယသီးတင်းပတ် တွင် ၇၆၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်းသိရသည်။

အခြားသော ပဲအမျိုးအစားများမှာ ယခုသီးတင်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V2) ၂၃၃ဝဝဝကျပ်၊ ကုလားပဲ(V7) ၂၅၀၀၀၀ ကျပ်၊ ပဲတီစိမ်း(ညာ) ၂၇၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၃၅၀၀၀ ကျပ်၊ ပဲ လွန်းပြာ ၁၉၅၀၀၀ ကျပ်၊ ပဲကြီး(က) ၂၇၅၀၀၀ ကျပ်၊ ပဲထောပတ် ၃၂၀၀၀၀ ကျပ်၊ ပဲဇီးကွက် ၂၅၀၀၀၀ ကျပ် နှင့် မြေတောက်ပဲ ၂၈၀၀၀၀ ကျပ် အသီးသီးရှိကြောင်းသိရသည်။

Source: https://www.magwaymedia.com

Category: Local News