Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၇-၆-၂၀၂၄ မှ ၂၁-၆-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၄၃၅၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၇၃၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၅၉၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၁၂၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၇၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၀၀၀၀ အသီးသီး ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန် တိန်နာ ၅ လုံး(တန်ချိန် ၁၂၀)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်မတ်ပဲ FAQ/RC (2024 Crop ) ကွန် တိန်နာ ၁၃၅ လုံး (တန်ချိန် ၃၂၄၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၅ လုံး (တန် ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန် နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၅၀၀၀၊ မြားနီ ကျပ် ၄၅၀၀ ၊ပန်းတနော်ရှည် ကျပ် ၄၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၅၀၀ နှင့် မြစ်ဝ(ပု)ကျပ် ၁၁၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၄၀၀၀ (၈၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း  ၁၂၀၀  ( ၁၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၉၀၀ (၃၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၁၀၀ (၄၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၁၀၀ (၁၆၅၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၃၅၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၄၉၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီး သီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်) ကျပ် ၆၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီး များဈေးငြိမ်လျက်ရှိသည်။ 

 

ထန်းလျက်၊ ကြံသကာ နှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၄၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၆၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၀၀၀၊ ကြံသကာ ကျပ် ၃၃၀၀နှင့် သကြား(ပြည်တွင်း) ကျပ်၄၇၅၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။  
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၀၅၀၊ မုံရွာလတ်သန့် ကျပ် ၂၀၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ဆိပ်ဖြူရှယ် ကျပ် ၁၀၀  ဈေးကျဆင်းခဲ့ပြီး မုံရွာလတ်ကြီး ကျပ် ၅၀  နှင့် မုံရွာလတ်သန့် ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၆ စီး (၅၇၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ ၁၁၅ စီး (၆၉၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကားစီးရေ ၁၉ စီး (၁၁၄၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၃၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၃၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန် စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၆၀၀ (၁၆၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက် သွန်ဖြူအိတ် ၄၉၀၀ (၁၄၇၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ အိတ်ရေ  ၇၀၀ ( ၂၁၀၀၀  ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၉၀၀ ၊ တရုတ် OK ကျပ် ၂၅၅၀ ၊ တရုတ် S1 ကျပ် ၂၅၅၀၊ တရုတ် S2 ကျပ် ၂၃၀၀ ဈေးနှုန်း အသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  အာလူးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၅၀ စီး (၃၀၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၄၆ စီး (၂၄၀၀၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၁၀ စီး (၆၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)
 

Category: Local News