ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီးများကို မူလအတိုင်းသာမက အေးခဲအနှစ်ပြုလုပ်ထားသည့် တန်ဖိုးမြင့် ထုတ်ကုန်အေးခဲထောပတ်သီးအနှစ်များကို မလေးရှာနိုင်ငံက ဝယ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်၍ တင်ပို့ရန် စီစဉ်လျက်ရှိရာ တောင်သူများအတွက် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့်ထောပတ်သီးအေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့ နမူနာပေးပို့ခဲ့ရာ ဝယ်ယူမည့်လုပ် ငန်းစဉ်များ ဆောင်ရွက်မူ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ဈေးနှုန်း ညှိနှိုင်းရန် အဆင့်သာ ကျန်ရှိကြောင်း သိရသည်။ “ထောပတ်သီးအနှစ်တွေ တင်ပို့တဲ့အတွက် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရရှိမည့် အကျိုးကျေးဇူး က Export စံချိန်မီတဲ့အသီးတွေကို အလုံးတိုင်း တင်ပို့နိုင်မှာဖြစ်သလို စံမမီတဲ့အသီးတွေကို အေးခဲအနှစ်လုပ်ပြီး တင်ပို့ရင် ဈေးကောင်းရရှိမည် ဖြစ်သည်။ Export က ရရှိတဲ့ ပို့ကုန်ရငွေကို နိုင်ငံတော်က သတ်မှတ်တဲ့အချိုးအရ တောင်သူတွေ နိုင်ငံခြားငွေရရှိမယ်။ တောင်သူများအတွက် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ