Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၈-၂-၂၀၂၆ မှ ၂၁-၂-၂၀၂၆) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၇၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၈၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၅၀၀ ၊ မြစ်သားသစ်ရှယ် ကျပ် ၂၄၀၀ ၊ မြစ်သားလတ်ကြီး ကျပ် ၂၅၀၀ ၊ မြစ်သားလတ်သန့် ကျပ် ၂၄၀၀ နှင့် မြစ်သားလတ် ချောကျပ် ၂၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀ နှင့် ဆိပ်ဖြူလတ်ချော ကျပ် ၅၀ အသီးသီးဈေးကျ ဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှု မှာ ယခင်အပတ်က ကားစီးရေ ၁၇၀ စီး(၁,၀၂၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၄၀ စီး(၈၄၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်ကားစီးရေ ၃၀ စီး (၁၈၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။    

ကြက်သွန်ဖြူ 

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်)  ကျပ်  ၁၂၀၀၀၊ အောင်ပန်းထူး -၂   ကျပ် ၅၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၇၀၀၀ ၊ အောင်ပန်းထူး-၄  ကျပ်  ၈၀၀၀ နှင့်  အောင်ပန်းထူး-၅   ကျပ် ၈၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။  တစ်ပတ်အတွင်း  ကြူကုတ်(ရှယ်)  ကျပ်  ၂၀၀ ဈေးကျဆင်းခဲ့ပြီး  ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင် သို့ ကြက်သွန်ဖြူအိတ်ရေ ၁၄၈၀ (၃၉,၇၅၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ်ရေ ၂၇၄၅ (၈၂,၃၅၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်  ကြက်သွန်ဖြူအိတ် ၁၂၆၅ (၃၇,၉၅၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်းသိရသည်။ 

အာလူး

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက် ရှိရာ အာလူး(တစ်ပိဿာ)ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၃၃၀၀၊  အောင်ပန်း OK ကျပ် ၃၃၀၀၊  အောင်ပန်း S1 ကျပ် ၃၃၀၀ နှင့် အောင်ပန်း S2 ကျပ် ၂၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  အောင်ပန်း A1 ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အာလူးများဈေးငြိမ်လျက်ရှိ သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ယခင်အပတ်က အာလူးကားစီးရေ ၂၉ စီး (၁၇၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် အာလူးကား စီးရေ  ၂၂ စီး  (၁၃၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၇ စီး  (၄၂,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News