မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2025 Crop) ကျပ် ၃,၀၆၄,၀၀၀၊ မတ်ပဲ SQ/RC (2025 Crop) ကျပ် ၃,၄၀၉,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကျပ် ၃,၁၆၃,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2025 Crop) ကျပ် ၄၈,၀၀၀ နှင့် မတ်ပဲ SQ/RC (2025 Crop) ကျပ် ၅၃,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကျပ် ၂၃,၀၀၀ အသီးသီးဈေးကျ ဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2025 Crop) ကွန်တိန်နာ ၂၅၅ လုံး (တန်ချိန် ၆၁၂၀) နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကွန်တိန်နာ ၁၂၅ လုံး (တန်ချိန် ၃၀၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2025 Crop) ကွန်တိန်နာ ၁၅၅ လုံး (တန်ချိန် ၃၇၂၀) နှင့် ပဲစင်းငုံ Red/RC(2026 Crop)ကွန်တိန်နာ ၇၀ လုံး(တန်ချိန် ၁၆၈၀)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၁၀၀ လုံး(တန်ချိန် ၂၄၀၀) နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကွန်တိန်နာ ၅၅ လုံး (တန်ချိန် ၁၃၂၀) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၁၆,၅၀၀၊ မြားနီ(သစ်) ကျပ် ၁၆,၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၂၄,၅၀၀၊ ဟင်္သာတမိုးထောင် ကျပ် ၁၅,၀၀၀ နှင့် ဇီးပွပု(သစ်) ကျပ် ၂၁,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ် (သစ်) AC ကျပ် ၅၀၀ နှင့် ဆင်ဖြူကျွန်း(ပု) ကျပ် ၃,၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၁၄၀၀၀ (၂၈၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၄၀ (၅,၁၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၆၃၀၀ (၁၂၆,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၆၀၀ (၉,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၇၇၀၀ (၁၅၄,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၂၆၀ (၃,၉၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့် ကပ်(သစ်) ကျပ် ၆၀၀၀ နှင့် မန်ကျည်းအသား(သစ်) ကျပ် ၈၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်း များဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၃၀၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၅၆၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၀၀၀၊ ကြံသကာ ကျပ် ၄၃၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၈၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး