Local News

ကြက်သွန်နီဈေးနှုန်းများ ကျဆင်း

Last Updated:

     ပခုက္ကူကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်၊ အလတ်စ တစ်ပိဿာလျှင် ၁၆၀၀ ကျပ်နှင့် အသေးစ တစ်ပိဿာလျှင် ၆၅၀ ကျပ်တို့ဖြင့် တစ်ပတ်အတွင်း ကုန်ချိန် ၁၀၀၀၀ ပိသာမှ ၄၀၀၀၀ ပိသာအထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ်စ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်နှင့် အသေးစ တစ်ပိဿာလျှင် ၅၀၀ ကျပ်တို့ ဖြင့် တစ်ပတ်အတွင်း ကြက်သွန်နီကုန်ချိန် ၁၈၀၀၀ ပိဿာမှ ၂၀၀၀၀ ပိဿာအထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်နှင့် တတိယအပတ်တို့ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ၉၅၀ ကျပ်၊ အလတ်စ တစ်ပိဿာလျှင် ၃၀၀ ကျပ်နှင့် အသေးစ တစ်ပိဿာလျှင် ၁၅၀ ကျပ်ထိ ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ပခုက္ကူ ကုန်စည်ဒိုင် သတင်းအရသိရှိရသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News