စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း အရောင်း အဝယ်ဖြစ်နေသော စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(သစ်) စပါးတင်း (၁၀၀) ၅၀၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၈၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(သစ်) စပါးတင်း (၁၀၀) ၃၀၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၃၅၀၀၀ ကျပ်၊ ကလေး ဧရာမင်း(ဟောင်း) စပါးတင်း (၁၀၀) ၃၁၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ကလေးဧရာမင်း(သစ်) စပါးတင်း (၁၀၀) ၂၃၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၀၀၀၀ ကျပ်၊ ကလေး ဧည့်မထ(ဟောင်း) စပါးတင်း (၁၀၀) ၂၇၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၈၀၀၀၀ ကျပ်၊ ကလေး ဧည့်မထ(သစ်) စပါးတင်း (၁၀၀) ၁၈၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၇၀၀၀၀ ကျပ်၊ မုံရွာ ဧရာမင်း(ဟောင်း) စပါးတင်း (၁၀၀) ၃၃၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၅၅၀၀၀ ကျပ် မုံရွာဧရာမင်း(သစ်) စပါးတင်း (၁၀၀) ၃၀၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ် ၁၄၀၀၀၀ ကျပ်နှင့် မနောသုခ (ဟောင်း) စပါး တင်း (၁၀၀) ၂၀၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၈၅၀၀၀ ကျပ်၊ မနောသုခ(သစ်) စပါးတင်း (၁၀၀) ၁၇၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ် ၇၅၀၀၀ ကျပ်၊ ရွှေဝါထွန်း စပါးတင်း (၁၀၀) ၂၀၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၅၀၀၀ ကျပ်၊ ရွှေသွယ်ရင် စပါးတင်း (၁၀၀) ၁၃၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော စပါးနှင့်ဆန်(ဟောင်း/သစ်) များကို လှောင်လက် များအဝယ်လိုက်ခြင်းနှင့် ဆန်စက်များမှအဆွဲရှိခြင်းကြောင့် စပါး/ဆန်ဈေးများ ယခင်လနှင့်နှိုင်းယှဉ် ပါက အနည်းငယ်ဈေးမြင့်တက်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး