Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၈-၃-၂၀၂၄ မှ ၂၂-၃-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၂၉၉၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၂၂၀၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၈၁၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၆၇၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၆၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၃၀၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၉၅ လုံး (တန်ချိန် ၂၂၈၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၁၅လုံး (တန်ချိန် ၃၀၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၇၀၀၀၊ မြားနီ ကျပ် ၇၀၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၂၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀၊ မြားနီ ကျပ် ၁၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၅၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ်သီးမှာဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင် အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၁၂၅၀၀ (၂၅၀၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၂၅၀၀ (၃၇၅၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၀၃၀၀ (၂၀၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၂၂၀၀ (၃၃၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၂၀၀ (၄၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀( ၄၅၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၅၅၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၄၆၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ်၂၁၀၀ ဈေးကျဆင်းခဲ့ပြီး မန်ကျည်းသီး ရမည်းသင်းဒါးဇင်း ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့   သည်။ ကျန်မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 
ထန်းလျက်၊ ကြံသကာနှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၈၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၇၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၉၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၃၄၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး)  ကျပ် ၁၅၀ ၊ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၀၊ ရေစကြိုထန်း လျက်(ချော)ကျပ် ၁၀၀  ဈေးကျဆင်းခဲ့ပြီး သကြား(ပြည်တွင်း) ကျပ် ၁၁၀ ဈေးမြင့်တက်ခဲ့သည်။ 
ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ  နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၅၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၉၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၃၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၃၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၃၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ အသီးသီး ဈေးကျဆင်းခဲ့ ပြီးကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၈၀စီး (၁၀၈၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၆၀ စီး (၉၆၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၂၀ စီး ( ၁၂၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၇၀၀၊ အောင်ပန်းထူး-၂  ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂  ကျပ် ၂၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၈၀၀၊ အောင်ပန်းထူး-၄ ကျပ် ၃၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၃၅၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၈၀၀ (၁၁၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၈၀၀ (၁၄၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၀၀၀(၃၀၀၀၀ ပိဿာ)ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။             

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)
 

Category: Local News