International News

Hyundai Steel ကုမ္ပဏီသည် အမေရိကန်စက်ရုံအစီအစဉ်ကို ပွဲထုတ်ခဲ့သော်လည်း ရှယ်ယာများထိုးဆင်းလာ

Last Updated:

Hyundai Steel ကုမ္ပဏီသည် Hyundai Motor Group နှင့် ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စု၊ လူဝီဇီးယား ပြည်နယ်တွင် တစ်နှစ်လျှင် ၂.၇ သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် စတီးလ်စက်ရုံတစ်ခု တည်ဆောက်ရန် ‌ဒေါ်လာ ၅.၈ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်‌ကြောင်း အဆိုပါ ကုမ္ပဏီက မတ်လ ၂၅ ရက်နေ့တွင်  ပြောကြားခဲ့ပါသည်။ Hyundai Steel ၏ရှယ်ယာများသည် အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့်က အဆိုပါ ကုမ္ပဏီ၏ အစီအစဥ်ကို ချီးကျူးပြီးနောက် ၇ ရာခိုင်နှုန်းထိကျဆင်းနေရာမှ ၅ ရာခိုင်နှုန်း ပြန်လည် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Hyundai Steel ၏ အမေရိကန်သံမဏိစက်ရုံအသစ်တည်ဆောက်မည့် အစီအစဉ်သည် အမေရိကန်တွင် Hyundai Motor Group ၏ ‌ဒေါ်လာ ၂၁ ဘီလီယံ ရင်းနှီးရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းအစီအစဉ်ကို တောင်ကိုရီးယားကုမ္ပဏီ၏ ဥက္ကဌ သည် မတ်လ ၂၄ ရက်နေ့တွင် ဝါရှင်တန် အမျိုးသားအိမ်တော်၌ သမ္မတထရမ့်နှင့်အတူ ကြောညာခဲ့သည်။ ထိုဆောင်ရွက်မှုသည် စတီးလ်နှင့် ကားများအပေါ် အမေရိကန် အခွန် တိုးမြှင့်မှုမှ ကာကွယ်ရန် ကုမ္ပဏီ၏ကြိုးစားမှုဖြစ်ကြောင်း သိရပါသည်။

Source: https://www.doca.gov.mm

Category: International News