Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

      ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ၁၅ရက်မှ ၂၁ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၈၂၃၈၃၃၉.၀၄ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၆၄၇၉၉၄.၆၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။
     တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ နှမ်းညို၊ နှမ်းနက်၊ ဆန်ကွဲနှင့် ရွှေဖရုံသီးများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏသည် ၁၀၉၇၀၉၆.၀၄ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၇၁၄၁၂၄၃.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
    သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့် စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ရာဘာကုန်ကြမ်းပစ္စည်း များ၊စက်ဘီးအပိုပစ္စည်းများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ၁၅၁၃၆၉.၀၀တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၄၉၆၆၂၅.၆၀တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၉ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၃.၉၅ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

                                                                                                                                                                                         မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News