Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု အခြေအနေ

Last Updated:

     ကချင်ပြည်နယ်တွင်လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၂၁ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ နှမ်းညို၊ နှမ်းနက်၊ ဆန်ကွဲနှင့် ရွှေဖရုံသီးများတင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၈၂၃၈၃၃၉.၀၄ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၈ ရက်မှ ၁၄ ရက်နေ့ထိတင်ပို့ကုန်၏ငွေပမာဏ ၆၈၅၉၅၉၈.၈၁ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၃၇၈၇၄၀.၂၃ ကန်ဒေါ်လာတန်ဖိုးပိုမို၍တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။
   သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၅ ရက်မှ ၂၁ရက်နေ့အတွင်း ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့် စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ရာဘာကုန်ကြမ်းပစ္စည်းများ၊ စက်ဘီးအပို ပစ္စည်းများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများတင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၆၄၇၉၉၄.၆၀ ကန်ဒေါ်လာတင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၈ ရက်မှ ၁၄ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၆၇၄၅၃၆.၆၆ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၆၅၄၂.၀၆ ကန်ဒေါ်လာတန်ဖိုးလျော့နည်း၍ တင်သွင်း ခဲ့သည်ကိုတွေ့ရပါသည်။
   တင်ပို့ကုန်နှင့်တင်သွင်းကုန်တို့၏ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ငွေပမာဏမှာ ၆၈၅၉၅၉၈.၈၁ကန်ဒေါ်လာပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရတွေ့ရပါသည်။ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၉ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၃.၉၅ကျပ်ရှိကြောင်းသိရှိရပါသည်။

source: မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News