Local News

မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲနှင့်ပဲစင်းငုံ ပြည်ပအဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

ဧပြီလနောက်ဆုံးပတ်သင်္ကြန်ပြီးကာလ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲစင်းငုံနီ နှင့် မတ်ပဲမှာ အဝင်ရှိသလောက် ပြည်ပဝယ်လက်အဝယ်သွက်လာသောကြောင့် ဈေးနှုန်းမြင့်တက်လာပြီး၊ ပဲတီစိမ်း  နှင့်မြေထောက်ပဲမှာ အဝယ်အေး ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၉၇၀၀၀ မှ ၃၉၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၁၀၀၀ မှ ၃၇၂၀၀၀၊ ယခင်လ ကျပ် ၃၄၈၀၀၀ မှ ၃၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၆၀၀၀ ၊ ယခင်လထက် ကျပ် ၄၈၀၀၀ မှ ၄၉၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၀၀၀၀ မှ ၂၈၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၁၅၀၀၀ မှ ၂၈၁၀၀၀၊ ယခင်လ ကျပ် ၂၁၀၀၀၀ မှ ၂၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀  မှ ၄၁၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း (အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၄၅၀၀၀ မှ ၁၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀၊ ယခင်လ ကျပ် ၁၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၀၀၀၀ မှ ၃၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လ ကျပ် ၂၉၀၀၀၀ မှ ၃၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀၀၀ မှ ၆၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။၊

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News