မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၀၇၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၀၇၄) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၄၀.၅) တန်၊ တန်ဖိုး (၀.၀၅၁၆) ဒေါ်လာသန်း၊ ငရုတ်သီး (၁၀၈.၆၂၃) တန်၊ တန်ဖိုး (၀.၀၆၈၀) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၀၉.၈၇၃) တန်၊ တန်ဖိုး (၀.၁၈၇၈) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၂၄.၃၂၄) ဒေါ်လာနှုန်း၊ ပုစွန် (၂၅၀၀.၁၉၉) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၁၀.၅၈၃) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၁၃.၈၈၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၆၆.၄၇၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၃၄.၃၀၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။
မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၃-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၆၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၄.၁၇) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Source: https://commerce.gov.mm