Local News

သကြားပေါက်ဈေးအရ ကြံတောင်သူများထံမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်းအထက် တောင်သူများရလို

Last Updated:

ရွှေမန်း

          ၂၀၂၂-၂၀၂၃ ခုနှစ်ကြံရာသီတွင် သကြားပေါက်ဈေးမှာ တစ်ပိဿာှင် ငွေကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရောက်ရှိသည့်အတွက် ယင်းဈေးကွက်အပေါ်မူတည်၍ စက်ရုံများမှ ကြံတစ်တန်ှင် ငွေကျပ် တစ်သိန်း အထက်ဈေးဖွင့် ဝယ်ယူသင့်ကြောင်း ကြံတောင်သူအချို့ထံက ပြောသည်။ သကြားတစ်ပိဿာ ငွေကျပ် ၂၀၀၀ ဝန်းကျင်ပေါက်ဈေးတွင် ကြံတစ်တန်လျှင်    ငွေကျပ် ၅၀၀၀၀ ဝန်းကျင် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီးနောက် ၂၀၂၁-၂၀၂၂ တွင် သကြားဈေးမြင့်လာချိန် ကြံတစ်တန်ှင် ငွေကျပ် ၉၀၀၀၀ နှင့်အထက်ဝယ်ယူပေးခဲ့သည်ဟုဆိုသည်။

         “စက်ရုံတွေက သကြားပေါက်ဈေးအပေါ်ကြည့်ပြီး ကြံဝယ်ဈေးသတ်မှတ်တယ်။ ခုလိုတစ်ပိဿာ ၃၀၀၀-ဝန်း ကျင်ဈေးမှာ ကြံတစ်တန်ကို ငွေကျပ် ၉၀၀၀၀ လောက်ပေးတယ်။နယ်မြေအလိုက် တချို့က တစ်သိန်းလောက် ထိပေးတာလည်းရှိပါတယ်။ ဒါပေမယ့် လက်ရှိသကြားပေါက်ဈေးနဲ့ဆိုရင် ကြံတစ်တန်ကို တစ်သိန်းအထက်ပေး ဝယ်သင့်တယ်”ဟု ကသာခရိုင်၊မောင်းကုန်းဒေသမှ ကြံတောင်သူ ဦးချိုတူးကပြောသည်။

       သကြားစက်များသည် ယခုကြံရာသီတွင် စက်ရုံအရောက် ကြံတစ်တန်ှင် ငွေကျပ် ၉၀၀၀၀- ၁၀၀၀၀၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ရာ သကြားပေါက်ဈေးအရ စက်ရုံများတွက်ခြေကိုက်သော်လည်း ကြံဝယ်ယူသည့် နှုန်းထားမှာ အချိုးမမျှနည်းပါးသဖြင့် လာမည့်ကြံရာသီတွင်  ကြံတစ်တန်ှင် ငွေကျပ် ၁၀၀၀၀၀ အထက်ဈေး ပေးဝယ်ယူ သင့်သည်ဟု ကြံတောင်သူများထံမှ သိရသည်။

          ကြံတောင်သူတစ်ဦးကသုံးသပ်ပြောကြားရာ၌ “ပြင်ပသကြားဈေးပေါ်မူတည်ပြီး စက်ရုံက ကြံဝယ်ဈေးသတ် မှတ်တယ်။ သကြားဈေးကောင်းရင် တစ်တန်အပေါ်မှာ ဘယ်လောက်နှုန်းတိုးပေးမယ်ဆိုတာမျိုးရှိတယ်။ လက်ရှိ စက်ရုံတွေဝယ်ဈေးနဲ့ဆိုရင် ကြံတောင်သူတွေအတွက် အဆင်ပြေပေမယ့် သကြားပေါက်ဈေးအရဆိုရင် ကြံဝယ်ဈေးက အချိုးအားဖြင့် နည်း တယ် ”ဟုဆိုသည်။

Source: မကွေးဂျာနယ်

Category: Local News