Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ(၂၂) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၅၇၂) ဒေါ်လာသန်း၊ သွင်းကုန် (၉.၀၇၁) ဒေါ်လာသန်း၊ စုစုပေါင်း (17.643) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၅၂.၈၅၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇွန်လ (၂၂) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရုံသီး၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ ပဲမျိုးစုံ၊ ကော်ဖီစေ့၊ ကွမ်းသီးအစို၊ အလူမီနီယံဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး(အစေ့ပါ)တို့ ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်မှ (၂၂) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၀၀) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊  ကြက်သွန်နီ တန်ချိန် (၃၄.၅) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းနှင့် ပဲယင်း တန်ချိန် (၃၅) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းတို့ တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၃၁၆.၆၀၀) တန်၊ တန်ဖိုး (၀.၃၃၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၇၉.၆၀၀) တန်၊ တန်ဖိုး (၀.၇၆၅) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၆၆.၄၇၅) တန်၊ တန်ဖိုး (၀.၂၅၃)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News