Local News

ပြည်ပသို့ ပျားရည် တန် ၅၀၀ နီးပါးတင်ပို့

Last Updated:

ယခုဘဏ္ဍာနှစ်၏ နှစ်လအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၃၂ သန်းရရှိခဲ့ကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ မေလ (၃၁) ရက်အထိ ပျားရည်တင်ပို့မှု အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ မက်ထရစ်တန် ၄၆၁ ဒသမ ၂၁ တန် တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၂၇ တန် တင်ပို့ခဲ့ရာ စုစုပေါင်း မက်ထရစ်တန် ၄၈၈ ဒသမ ၂၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၃၂ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ)နှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။ ပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊  လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိရာ လက်ရှိတွင် နှမ်းပျားရည်ထုတ်လုပ်နေသည့် အချိန်ဖြစ်ကြောင်း သိရသည်။

Source: t.me/Popularjournal

Category: Local News