Local News

မကွေးမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများဖြစ်သည့်(နှမ်း၊ မြေပဲ၊ နေကြာ)နှင့် ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် ကြက်သွန်နီတို့အား အများအပြားစိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမွန်စေရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဝါးများအား စနစ်တကျဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရပါသည်။

တောင်သူများအများဆုံး ဝယ်ယူသုံးစွဲလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများမှာ အာမို(၁၅:၁၅:၁၅) 50 kg တစ် အိတ်လျှင် ကျပ်(၁၃၀၅၀၀)၊ MC (၁၅:၁၅:၁၅) 50 kg တစ်အိတ်လျှင် ကျပ်(၁၃၀၅၀၀)၊ တက်တိုး (၁၅:၇:၈) 50 kg တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ကောမတ် 50 kg တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)၊ ပန်းဖူး(ပုလဲ) 50 kg တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)တို့ဖြစ်ကြပြီး ဇွန်လ(တတိယပတ်)နှင့်နှိုင်းယှဉ် ပါက အာမို(၁၅:၁၅:၁၅) 50 kg တစ်အိတ်လျှင် ကျပ်(၂၄၅၀၀)၊ MC (၁၅:၁၅:၁၅) 50 kg တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)၊ ကောမတ် 50 kg တစ်အိတ်လျှင် ကျပ်(၁၀၀၀)နှင့် ပန်းဖူး(ပုလဲ) 50 kg တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)တို့ စျေးကျဆင်းလာပြီး တက်တိုး(၁၅:၇:၈) 50kg မှာ စျေးနှုန်းတည်ငြိမ်လျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။

၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးစျေးနှုန်းများမှာ ပရို မက်တင် 500 CC တစ်ဘူးလျှင် ကျပ်(၂၃၀၀၀)၊ ဆလက်ပက်စ် 500 CC တစ်ဘူးလျှင် ကျပ် (၂၄၀၀၀) နှင့် ဖို(စ်)တင်း 500 CC တစ်ဘူးလျှင် ကျပ်(၁၇၀၀၀)တို့ဖြစ်ပြီး ဇွန်လ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများမှာ ပြောင်းလဲမှုမရှိ တည်ငြိမ်လျက်ရှိကြောင်းနှင့် မိုးနှမ်းသီးနှံများအတွက် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသုံးစွဲနေရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

source: https://www.doca.gov.mm

Category: Local News