Local News

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီများ ဈေးကောင်းရနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် ပဲစင်းငုံနီ၊ ကုလားပဲ၊ ပဲယင်းအမျိုးမျိုး၊ ပဲလွန်းပြာ၊ စွန်တာနီ၊ ပဲတီစိမ်း၊ နှမ်း၊ ပြောင်းဖူးစေ့(CP)နှင့် အခြားပဲအမျိုးအမျိုးကို အဓိကစိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်သည် ပဲစင်းငုံနီကို သီးညှပ်အဖြစ် စိုက်ဧက(၈၀၀၀)ကျော်စိုက်ပျိုးလျက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း စိုက်ပျိုးတောင်သူများထံမှသိရှိရပါသည်။ အဓိကစိုက်ပျိုးသောနယ်များမှာ ချောက်ကန်အုပ်စုဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ လက်ပံကန်၊ မန်ကျည်းကိုးပင်၊ အင်ပင်၊ ကိုင်းနယ်များတွင် တစ်ကွင်းတစ်စပ်စိုက်ပျိုးကြပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲစင်းငုံနီဈေးသည် တဖြည်းဖြည်းဈေးတက်နေကြောင်းကုန်သည်များထံမှသိရှိရပါသည်။ ယခင်အပတ်တွင် ပဲစင်းငုံနီဈေးသည် တစ်တင်းလျှင် ကျပ် (၁၄၄၈၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၄၉၈၀၀)ဖြစ်၍ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း၊ နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ(၁၀၀)မှ( ၅၀၀)အထိအရောင်းအဝယ်ဖြစ်နေပါသည်။ တင်ပို့မှုအနေဖြင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် တရုတ်၊ အိန္ဒိယနိုင်ငံသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News