Local News

ပခုက္ကူမြို့၏ ဝါဈေးနှုန်းဈေးကွက်အခြေအနေ ပြည်တွင်းကုန်သွယ်မှုသတင်း

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဝါကြီး၊ ချည်မျှင် ရှည်ဝါ၊ ချည်မျှင်တိုဝါတို့စိုက်ပျိုးကြပါသည်။ ယခင်နှစ်က စိုက်ဧကမှာ (၁၀၀၀၀)ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးမှုဧကမှာ (၅၀၀၀-၆၀၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် (၁၀)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၈)သိန်းခန့်ရရှိကြောင်း ဝါစိုက်တောင်သူ များထံမှသိရှိရပါသည်။

ဝါများကို ကန်တော်၊ ကံလှ၊ ဒဟတ်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သစ်ပင်ကြီးကျေးရွာများနှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါကို အဓိကစိုက်ပျိုးကြပါသည်။ ယခင်က တစ်ဧကစိုက်လျှင် ဝါအထွက်နှုန်းမှာ (၄၀၀)ပိဿာထွက်ရှိသော်လည်း ယခုအခါတွင် တစ်ဧကလျှင် ပိဿာ(၄၀၀) ကျော်ထွက်ရှိကြောင်း ဝါကုန်သည်များထံမှသိရှိရပါသည်။ ယခုနှစ် ဝါဂွမ်းတစ်ပိဿာဈေးနှုန်းမှာ ချည်မျှင်ရှည်ဝါ ဝါဂွမ်း(အစေ့မပါ)တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ ချည်မျှင်တိုဝါ ဝါဂွမ်း(အစေ့မပါ) တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ ချည်မျှင်ရှည်ဝါ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ ချည်မျှင်တို ဝါစေ့တစ်ပိဿာလျှင် ကျပ်(၁၂၅၀)ဖြစ်ပြီး ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀-၁၄၀၀၀)၊ ဝါကြိတ်ဖတ်တစ်ပိဿာလျှင် ကျပ်(၁၁၅၀)ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း ဝါကုန်သည်များထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News