Local News

ပျားနာနတ်နှင့် ဘေဘီနာနတ်သီးလေးများ ဈေးကွက်မှာ ရောင်းချမှုရှိလာ

Last Updated:

ပြည်မြို့၏သစ်သီးဝလံဈေးကွက်တွင် အသီးမျိုးစုံရောင်းဝယ်မှုဖြစ်လျက်ရှိရာ နဂါးမောက်သီး၊ လိမ္မော်သီး၊ ပန်းသစ်တော်သီး၊ ပန်းသီး စသည်ဖြင့် အသီးမျိုးစုံ နေ့စဉ်ရောင်းဝယ်နေကြသည်ကို တွေ့ရပါသည်။ နာနတ်သီးသည်လည်း  ဇူလိုင်၊ ဩဂုတ်လများအတွင်း အဝင်များသလို လမ်းဘေး အသီးဆိုင်များတွင် အများအပြား အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခုအခါ နာနတ်သီးရောင်းချမှုအနေဖြင့် ယခင်လများကဲ့သို့ ရောင်းဝယ်မှု မများတော့သော်လည်း  ဈေးကွက်အတွင်းတွင် ရောင်းဝယ်မှုဖြစ်လျက် ရှိနေခဲ့ပါသည်။ ယခုအခါ ဈေးကွက်အတွင်း ရောင်းချမှုဖြစ်နေသော  နာနတ်သီးများမှာ သီပေါဖက်မှ ဝင်ရောက်လာသည့် ပျားနာနတ် အမျိုးအစားနှင့် ထိုင်းဖက်မှ ဝင်ရောက်လာသည့် ဘေဘီနာနတ်သီးလေးများ ONLINE ဈေးကွက်မှာပါ ရောင်းဝယ်နေကြသည်ကို တွေ့ရပါသည်။  နာနတ်သီးပေါများချိန်ကာလက နာနတ်သီး အရွယ်အစားပေါ် မူတည်၍  ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ ရောင်းချကြပြီး ယခုကာလ ဝင်ရောက် လာသော ပျားနာနတ်သီးများမှာ  အထွက်လှိုင်ချိန်က နာနတ်သီး အမျိုးအစားကဲ့သို့ အရွယ်အစား သိသိသာသာ ကြီးမားခြင်းမျိုးမရှိဘဲ ပုံမှန်ရောင်းတန်းဝင် အလုံးအမျိုးအစားရှိကြ၏။ ပျားနာနတ်မှာ တစ်လုံး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့်ရောင်းချကြပါကြောင်း၊ ဘေဘီနာနတ်သီး အမျိုးအစားမှာ ကီလိုဖြင့်ရောင်းချကြသောကြောင့် တစ်ကီလို ၁၀၀၀၀ ကျပ်၊ ကီလိုဝက် အထုပ်လေးများထုပ်၍ ရောင်းချမှုရှိကြကာ တစ်ထုပ် ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးကြရကြောင်း သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News