Local News

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ကုန်ဈေးနှုန်းများ

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁၂-၁၀-၂၀၂၃) ရက်နေ့မှ (၁၈-၁၀-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောရေထွက်စားသောက်ပစ္စည်းများအနက် ပုစွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန် (ရှယ်) ၁ ပိဿာလျှင် ၇၅၀၀၀/-ကျပ်မှ ၈၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၇၀၀၀၀/- ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/-ကျပ်မှ ၅၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၃၀၀၀/-ကျပ်မှ ၄၅၀၀၀/- ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၃၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရှယ်) ၁ပိဿာလျှင် ၅၅၀၀၀/-ကျပ်မှ ၆၅၀၀၀/- ကျပ်အထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၅၀၀၀/-ကျပ်အထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျည်းကြပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၇၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးကျဉ်းကြပ်တိုက် (သေး) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၃၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၆၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၃၀၀၀၀/-ကျပ်အထိရှိခဲ့ပြီး ရေငံငါးခြောက်ဈေးနှုန်းများမှာ ငါးကွမ်းရှပ် ၁ပိဿာလျှင် ၂၀၀၀၀/-ကျပ်မှ ၂၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးတံခွန် (လုံး) ၁ပိဿာလျှင် ၂၀၀၀၀/-ကျပ်မှ ၂၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ပိဿာလျှင် ၈၀၀၀/-ကျပ်မှ ၁၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ပိဿာလျှင်မှ ၃၀၀၀၀/-ကျပ်မှ ၃၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၇၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးမြီးတံသွယ် ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၅၀၀/-ကျပ်အထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News