Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှ(၂၀)ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန်ဒေါ်လာ (၀.၅၇၀၄)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၅၇၀၄)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်း ဖြင့်(၁၀၉)တန်၊ တန်ဖိုး (၀.၀၁၀၉) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၅၈)တန်၊ တန်ဖိုး (၀.၀၀၆၇) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ(၃၀၀)နှုန်းဖြင့်(၆၈)တန်၊ တန်ဖိုး (၀.၀၂၀၄) ဒေါ်လာသန်း၊ကွမ်းသီး(၁)တန်လျှင် အမေရိကန် ဒေါ်လာ (၂၃၂၁)နှုန်းဖြင့် (၁၇)တန်၊ တန်ဖိုး (၀.၀၃၉၅)ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၁၄၆.၇၅၂)တန်၊ တန်ဖိုး (၀.၁၈၃၄) ဒေါ်လာသန်း၊ငါးမြစ်ချင်း (၂-၃)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၁၄၆.၀၁၆)တန်၊ တန်ဖိုး (၀.၁၈၇) ဒေါ်လာ သန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၇၂.၀၈)တန်၊ တန်ဖိုး (၀.၀၉၅၁) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၁၁.၈၀၈) တန်၊ တန်ဖိုး (၀.၀၁၄၈) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၈.၃၀၄)တန်၊ တန်ဖိုး (၀.၀၁၁၆) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၄)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၈.၅)တာကာနှင့် (၁)တာကာလျှင် (၂၈.၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ်သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆) ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ ကုန်တင်လှေများ သွားလာလျက်ရှိပါသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁) အောင်စလျှင် (၂၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန် (အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁)ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ(၁) ဒါဇင် (၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိက ထားထုတ်လုပ်လျက်ရှိသည့်ဓါတ်မြေသြဇာ တင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News