Local News

ဘားအံမြို့တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Last Updated:

ဘားအံမြို့တွင် ဖေဖော်ဝါရီလစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၆၃၅) ကျပ်၊ ပရီမီယယ်ဒီဇယ်ဆီ တစ်လီတာလျှင် (၂၆၈၀) ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် (၂၈၀၅) ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် (၂၉၁၅) ကျပ်တို့ဖြစ်ပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၇၀) ကျပ်၊ ပရီမီယယ်ဒီဇယ်ဆီ တစ်လီတာလျှင် (၂၆၁၀) ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် (၂၇၂၀) ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် (၂၈၄၅) ကျပ်တို့ဖြစ်ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၆၅) ကျပ်၊ ဒီဇယ် ပရီမီယယ် တစ်လီတာလျှင် (၇၀) ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာလျှင် (၈၅) ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာလျှင် (၇၀) ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News