Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်း ဈေးနိမ့်လာ

Last Updated:

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်နှင့် အညာဒေသဘက်မှ ပြောင်းဖူးစေ့များ  အနည်းငယ်ဝင်ရောက်လျှက်ရှိပြီး ကုန်သည်များမှ ရန်ကုန်သို့ အများဆုံး တင်ပို့နေကြောင်း၊ မွေးမြူရေးအစာစက်ရုံများမှ ပုံမှန်ဝယ်ယူမှုရှိသော်လည်း ပြည်ပဝယ်လက်ဝယ်ယူ မှုအေးခြင်းတို့ကြောင့် ပြောင်းဖူးစေ့ဈေးနှုန်း အနည်းငယ် ကျဆင်းလာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၂၅၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၆၀၀၀၊ ယခင်လ ကျပ် ၅၆၀၀၀ မှ ၅၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ယခင်လထက် ကျပ် ၄၀၀၀ မှ ၄၅၀၀ နိမ့်ကျလာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၂၅၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၅၅၀၀၊ ယခင်လ ကျပ် ၅၆၀၀၀ မှ ၅၆၅၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀၊ ယခင်လထက်ကျပ်  ၄၀၀၀ နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်း မှာ ယခုတစ်ပတ် ကျပ် ၅၀၀၀၀ မှ ၅၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၃၀၀၀ မှ ၅၄၀၀၀၊ ယခင်လ ကျပ် ၅၅၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ်  ၃၀၀၀၊ ယခင်လထက်  ကျပ် ၄၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                                                  

Category: Local News