မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်းအစရှိသည့် သီးနှံများဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုန်စည်ဒိုင်သို့ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားများမှာ နှမ်းနက်(စမုံ)၊ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊ ပဲပုပ်၊ ပဲယင်း၊ စီပီပြောင်း၊ နေလဲစေ့နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ အများဆုံးဝင် ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးတို့သို့ တင်ပို့ရောင်းချကြပါသည်။
ပဲစင်းငုံတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၂၆၄၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၁၂၃၄၀၀) စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၃၀၀၀)၊ ကုလားပဲတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၈၈၅၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၈၇၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ် (၁၅၀၀)၊ မတ်ပဲတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၀၅၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၉၈၃၀၀) စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၆၇၀၀)၊ ပဲလွန်းတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ် (၇၅၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၆၇၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင်ကျပ် (၈၀၀၀)၊ ပဲယင်း(နီ)တစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၇၃၈၀၀)၊ ယခုတစ်ပတ်တွင် ကျပ် (၆၇၄၀၀) စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၆၄၀၀)၊ ပဲယင်း(ဝါ) တစ်တင်းလျှင် ယခင် တစ်ပတ်တွင် ကျပ်(၅၆၅၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၄၉၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင်ကျပ်(၇၅၀၀)၊ ပဲပုတ်တစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ် (၆၁၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၅၃၅၀၀) စျေးဖြစ် သည့်အတွက် တစ်တင်းလျှင် ကျပ်(၇၅၀၀)တို့ဖြင့် အသီးသီးစျေးကျဆင်းခဲ့ပါသည်။
စီပီပြောင်းတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၉၂၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၁၆၄၀၀) စျေးဖြစ်သည့်အတွက် ကျပ်(၂၈၀၀)၊ နေလဲစေ့တစ်ပိသာလျှင် ယခင်တစ်ပတ်တွင် ကျပ် (၈၂၀၀)၊ ယခု တစ်ပတ်တွင် ကျပ်(၇၅၀၀)စျေးသာရှိသည့်အတွက် ကျပ်(၇၀၀)ကျဆင်းလာသည်။ ကြက်သွန်ဖြူ စျေးမှာ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင်လည်း ကျပ်(၁၅၀၀၀) စျေးဖြင့် စျေးငြိမ်လျက်ရှိပြီး ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ်တွင် တစ်ပိသာလျှင်ကျပ်(၂၀၀၀)သာရှိသော်လည်း ယခုတစ်ပတ် တွင် တစ်ပိသာလျှင် ကျပ်(၂၂၀၀)ထိ အနည်းငယ်မြင့်တက်လာကြောင်း ပခုက္ကူကုန်စည်ဒိုင်စျေးနှုန်းများအရ သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး